back

ရှမ်းပြည်နယ်၊ဝမ်ဟုန် ကျောက်မီးသွေးစက်ရုံကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်ပြီး နယ်စပ်ဒေသခံများ ကျန်းမာရေး ထိခိုက်နေ

Mar 25 • 2:39 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ဝမ်ဟုန် ကျောက်မီးသွေးစက်ရုံကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်ပြီး နယ်စပ်ဒေသခံများ ကျန်းမာရေး ထိခိုက်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ဝမ်ဟုန်ဒေသရှိ အဆိုပါစက်ရုံမှ စွန့်ပစ်သည့် ပြဒါးနှင့် ခဲအပါအဝင် အဆိပ်သင့်သတ္တုများသည် မြစ်ရေအတွင်း စိမ့်ဝင်နေသည့်အပြင် ဒေသခံများသည် အရေပ...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ဝမ်ဟုန်ဒေသရှိ အဆိုပါစက်ရုံမှ စွန့်ပစ်သည့် ပြဒါးနှင့် ခဲအပါအဝင် အဆိပ်သင့်သတ္တုများသည် မြစ်ရေအတွင်း စိမ့်ဝင်နေသည့်အပြင် ဒေသခံများသည် အရေပြားယားနာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာထိခိုက်စေသည့်အပြင် အက်ဆစ်မိုးကိုလည်း ရွာသွန်းစေနိုင်သဖြင့် ကီလိုမီတာ ၈၀ ပတ်လည်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကို ခြိမ်းခြောက် လျက်ရှိကြောင်း ဆိုထားသည်။“ကျောက်မီးသွေးကနေထွက်တဲ့ ပြဒါးနဲ့ ခဲတွေက ရေထဲမှာတင် ရှိနေတာမဟုတ်ဘဲ ငါးတွေ၊ ခရုတွေထဲကတစ်ဆင့် လူတွေရဲ့ အစာကွင်းဆက်ထဲ ရောက်သွားမှာပါ။ တီကျစ်မှာ ဖြစ်ခဲ့တဲ့ သမိုင်းဆိုးမျိုး နမ့်ခုတ်မြစ်မှာ အခုပဲ စတင်နေပြီလို့ ပြောလို့ရတယ်။ ဒါကို အချိန်မီ မတားဆီးနိုင်ရင် နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြီး ဖြစ်လာနိုင်တယ်” ဟု သဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့်သူတစ်ဉီးက ဆိုသည်။လက်ရှိတွင် စက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေးများကို မိုင်းတုံမြို့နယ်ရှိ နားပါကော် ကျောက်မီးသွေးတွင်းမှ ၁၀ ဘီး ကုန်တင်ယာဉ်ကြီးများဖြင့် နေ့ရောညပါ သယ်ယူပို့ဆောင်နေပြီးထိုမိုင်းတွင်းအောက်ဘက်ရှိ မဲကင်ချောင်းတစ်လျှောက်တွင်လည်း ရေထုညစ်ညမ်းမှုကြောင့် ငါးများစတင်သေဆုံးနေပြီး ရေကိုအသုံးပြုသည့် ရွာသားများတွင် ယားနာဝေဒနာများ ခံစားနေရပြီဖြစ်ကြောင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

news-view-count-icon

8