back

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်တွင် စက်သုံးဆီတစ်လီတာ ကျပ်သောင်းဂဏန်းအထိ စံချိန်တင်မြင့်တက်

Mar 25 • 1:51 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်တွင် စက်သုံးဆီတစ်လီတာ ကျပ်သောင်းဂဏန်းအထိ စံချိန်တင်မြင့်တက်

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်တွင် စက်သုံးဆီပိုမိုရှားပါးလာသည်နှင့်အမျှ စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ်သောင်းဂဏန်းအထိ စံချိန်တင်မြင့်တက်လျက်ရှိသည်။ထားဝယ်မ...

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်တွင် စက်သုံးဆီပိုမိုရှားပါးလာသည်နှင့်အမျှ စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ်သောင်းဂဏန်းအထိ စံချိန်တင်မြင့်တက်လျက်ရှိသည်။ထားဝယ်မြို့ပေါ်ရှိ ဆီဆိုင်ကြီးများတွင် တစ်လီတာလျှင် ကျပ် ၄,၀၀၀ နီးပါးဖြင့် ရောင်းချပေးနေသည်ဆိုသော်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးခြင်းကြောင့် အများစုမှာ မှောင်ခိုဈေးကွက်ကို အားကိုးနေကြရသည်။ထားဝယ်မြို့ မှောင်ခိုဈေးကွက်တွင် တစ်လီတာလျှင် ကျပ် ၁၀,၀၀၀ မှ ၂၀,၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။နယ်ကျေးရွာများသို့ စက်သုံးဆီဖြန့်ဖြူးနေသူတစ်ဦးကမူ ကမ်းနားလမ်းရှိ ကုမ္ပဏီများက အရောင်းရပ်နားလိုက်သဖြင့် နယ်များသို့ ဆီမရောင်းချပေးနိုင်တော့ကြောင်း ပြောသည်။

news-view-count-icon

5