( ၁၅၈ ) နှစ်မြောက် ဂေဘား အမျိုးသားနေ့ အခမ်းအနားကို ကရင်ပြည်နယ် သံတောင်မြောက်ပိုင်းက လိပ်သိုမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့မှာ ၂ ရက်တာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။၂ ရက်တာ အတွင်းမှာတော့ ဂေဘားရိုးရာ အကပြိုင်ပွဲ ကျင်းပတာ၊ သီချင်းသီဆိုဖျော်ဖြေတာ၊ ဂေဘားအမျိုးသားအလံ အလေးတင်တာ/အလံအလေးပြုတာ ၊ အလံတိုင်အနီးနားမှာ စုပေါင်းကကြတာ ပြုလုပ်ခဲ့ကြပါတယ်။ အခမ်းအနားအတွင်းမှာတော့ လူဦးရေ ၅၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။“ဂေဘားအမျိုးသားများ အမျိုးသားရေး စိတ်ဓါတ် ပြန်လည်နိုးကြားလာပြီး ဂေဘားလူမျိုးတို့ရဲ့ စံတန်ဖိုးတွေကို လူငယ်တို့ထံ ဆက်လက်ဆင့်ကမ်းပြီး စဉ်ဆက်မပြတ် ဆက်လက်ထိန်းထားစေချင်ပါတယ်။” လို့ အခမ်းအနားတက်ရောက်ခဲ့သူ အမျိုးသားတဦးက ဆိုပါတယ်။ 
ကရင်ပြည်နယ်၌ ( ၁၅၈ ) နှစ်မြောက် ဂေဘား အမျိုးသားနေ့အခမ်းအနားကို လိပ်သိုမြို့နယ်တစ်နေရာမှာ ၂ ရက်တာ ပြုလုပ်ခဲ့
Mar 25 • 1:51 AM
Myanmar
Kayin
Share
| 9 | 0 | 0 | 0 |


