back

မြန်မာနိုင်ငံရှိ လူမှုကယ်ဆယ်ရေးအသင်းကားများ စက်သုံးဆီအခက်အခဲကြောင့် ရပ်နားရနိုင်

Mar 25 • 1:48 AM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံရှိ လူမှုကယ်ဆယ်ရေးအသင်းကားများ စက်သုံးဆီအခက်အခဲကြောင့် ရပ်နားရနိုင်

စက်သုံးဆီပြတ်လပ်မှု အခြေအနေတွေကြောင့် မြန်မာနိုင်ငံက အခမဲ့ လူမှုကူညီကယ်ဆယ်ရေး အသင်းကားတွေ အနေနဲ့ လမ်းကြောင်းတွေ စိစစ်ကူညီနေရသလို ဆီပြတ်လပ်မှာ ကြာရှည်မယ်ဆို မကြ...

စက်သုံးဆီပြတ်လပ်မှု အခြေအနေတွေကြောင့် မြန်မာနိုင်ငံက အခမဲ့ လူမှုကူညီကယ်ဆယ်ရေး အသင်းကားတွေ အနေနဲ့ လမ်းကြောင်းတွေ စိစစ်ကူညီနေရသလို ဆီပြတ်လပ်မှာ ကြာရှည်မယ်ဆို မကြာခင် ရပ်နားသွားရနိုင်တဲ့ အခြေအနေရှိနေပြီး တက္ကစီ အငှားယာဉ်ကားခတွေလည်း ဈေးမြင့်တက်လာနေပါတယ်။အရှေ့အလယ်ပိုင်းစစ်ပွဲနဲ့အတူ အရှေ့တောင်အာရှနိုင်ငံ တော်တော်များများမှာ ကြုံတွေ့နေရတဲ့ စက်သုံးဆီ ပြတ်လပ်မှု အခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူမှုကူညီ ကယ်ဆယ်ရေး အသင်းကားတွေနဲ့ အငှားယာဉ်တွေရဲ့ ဆီရရှိနိုင်တဲ့ အခြေအနေတွေကလည်း အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။ကချင်ပြည်နယ်၊ ဖားကန့်ဘက်မှာလည်း ပဋိပက္ခတွေ ဖြစ်ပွားနေတာနဲ့နည်းတူ စက်သုံးဆီ ရရှိနိုင်တဲ့ အခြေအနေကလည်း အကန့်အသတ်တွေ ရှိနေလို့ ကူညီကယ်ဆယ်ရေးအသင်းတွေ အနေနဲ့ ကယ်ဆယ်ရေးလမ်းကြောင်းတိုင်း မကူညီနိုင်တော့တဲ့အကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

news-view-count-icon

13