back

ထိုင်းမှာ တရားမဝင် အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၄၀ ကျော်ကို မတ်လအတွင်း ဖ-မ်းဆီးထားပြီး မြန်မာ အများဆုံးဖြစ်

Mar 25 • 1:38 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ တရားမဝင် အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၄၀ ကျော်ကို မတ်လအတွင်း ဖ-မ်းဆီးထားပြီး မြန်မာ အများဆုံးဖြစ်

မတ်လ ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ Chon Buri မှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၁၄၀ ကျော်ကို ဖ-မ်းဆီးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက မတ်လ ...

မတ်လ ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ Chon Buri မှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၁၄၀ ကျော်ကို ဖ-မ်းဆီးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက မတ်လ ၂၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် ပတ္တရား မှာ အလုပ်သမားကတ် မရှိဘဲ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ခွင့်ပြုမထားတဲ့ အလုပ်တွေ လုပ်နေသူတွေကို ပစ်မှတ်ထား စစ်ဆေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။မကြာသေးခင်က Beach Road နဲ့ ပတ္တရား Second Road တစ်လျှောက် ဝင်ရောက်စီးနင်းမှုတွေ လုပ်ခဲ့ရာမှာ အလုပ်သမားကတ် မပါဘဲ အလုပ်လုပ်နေတဲ့ လာအို ၉ ဦးနဲ့ ကမ္ဘောဒီးယား ၁ ဦး အပါအဝင် လူ ၁၁ ဦးကို ဖ-မ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီအပြင် နောက်ထပ် လာအိုနိုင်ငံသား တစ်ဦးကိုလည်း တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ထိုင်းမှာ ရက်ပေါင်း ၂၀၆၁ ရက် တရားမဝင် နေထိုင်မှုတို့နဲ့ ဖ-မ်းဆီးထိန်းသိမ်းခဲ့ပါတယ်။စုစုပေါင်း ဖ-မ်းဆီးရမိသူ ၁၄၆ ဦးထဲမှာ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်သူ အများဆုံး ပါဝင်ပြီး မြန်မာ ၆၃ ဦး၊ လာအို ၄၂ ဦး၊ ကမ္ဘောဒီးယား ၁၄ ဦး၊ တရုတ် ၁၄ ဦးနဲ့ ဗီယက်နမ် ၈ ဦးတို့ ပါဝင်ပါတယ်။ သူတို့ အများဆုံး လုပ်ကိုင်ကြတဲ့ အလုပ်တွေကတော့ လမ်းဘေးဈေးရောင်းတာ၊ ကာယလုပ်သား၊ လက်လီအရောင်းဆိုင်နဲ့ စားသောက်ဆိုင် အလုပ်တွေဖြစ်ပြီး အဲဒီအလုပ်အများစုက ထိုင်းနိုင်ငံသားတွေအတွက်သာ ကန့်သတ်ထားတဲ့ အလုပ်တွေ ဖြစ်ပါတယ်။ထိုင်းအာဏာပိုင်တွေက ဥပဒေချိုးဖောက်သူတွေကို ညှာတာမှာ မဟုတ်ဘဲ ဖ-မ်းဆီးတာ၊ ဗီဇာပယ်ဖျက်တာနဲ့ နာမည်ပျက်စာရင်း သွင်းတာတွေ လုပ်ဆောင်သွားမယ့်အပြင် နိုင်ငံခြားသား အလုပ်သမားတွေ ထိုင်းနိုင်ငံသားတွေရဲ့ အကောင့်တွေကို တရားမဝင် အသုံးပြုတာမျိုး မရှိစေဖို့ Grab, Bolt နဲ့ LINE MAN တို့နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။



news-view-count-icon

13