back

ဗီယက်နမ်သည် ရုရှားအကူအညီဖြင့် ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

Mar 24 • 6:31 AM

breaking-news

Vietnam

Local News

cover

ဗီယက်နမ်သည် ရုရှားအကူအညီဖြင့် ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

ရုရှားနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံ ကို တည်ဆောက်ရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားအစိုး...

ရုရှားနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံ ကို တည်ဆောက်ရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားအစိုးရက မတ်လ၂၃ရက်တနင်္လာနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။အဆိုပါ သတင်းထုတ်ပြန်ချက် အရ ရုရှားနိုင်ငံ ဝန်ကြီးချုပ် မစ်ဟိုင်း မီရှူစတင် နှင့် ၎င်း၏ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဖမ် မင်း ချင် တို့သည် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ရုရှားနိုင်ငံပိုင် နျူကလီးယား ကော်ပိုရေးရှင်း ရိုစ့်အက်တမ် ညွှန်ကြားရေးမှူးချုပ် အလက်ဆေး လီခါချက်ဗ် နှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။စီမံကိန်းသည် အဆင့်မြင့်နည်းပညာများနှင့် အခြေခံနှင့် အသုံးချသိပ္ပံသုတေသနနှစ်ခုစလုံးတွင် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာ အားကောင်းစေမည်ဟု အစောပိုင်းတွင် မီရှူစတင် က ပြောကြားခဲ့သည်။ဗီယက်နမ်သတင်းအေဂျင်စီ၏အဆိုအရ ဖမ် မင်း ချင် သည် မီရှူစတင် ၏ဖိတ်ကြားချက်အရ မတ်လ ၂၂ ရက် နေ့မှ ၂၅ ရက် နေ့ အထိ ရုရှားနိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်မည်ဖြစ်သည်။


news-view-count-icon

6