ကမ္ဘာပေါ်က လူပေါင်း ၁.၄ ဘီလီယံခန့် သွေးတိုးရောဂါ ရှိနေတဲ့အချိန်မှာ အတွေ့အကြုံ နှစ် ၂၀ ရှိတဲ့ နှလုံးအထူးကု ဒေါက်တာ ဆန်ဂျေဘိုရာဂျ်က အချိန်တခဏအတွင်း သွေးပေါင်ကျစေမယ့် နည်းလမ်းကို မျှဝေသွားပါတယ်။
သွေးပေါင်ချိန်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းတစ်ခုက အသက်ရှူခြင်းကို ထိန်းချုပ်ခြင်းဖြစ်တယ်လို့ အင်စတာဂရမ်မှာ ဖော်ပြသွားပါတယ်။ WHO ဖော်ပြချက်အရ သွေးတိုးက တိတ်တဆိတ် အန္တရာယ်ပေးနေပြီး ကမ္ဘာတဝှမ်းမှာ အရွယ်မတိုင်ခင် သေဆုံးမှုတွေ ဖြစ်စေပါတယ်။
ဒီရောဂါနဲ့ ပတ်သက်ရင် အာရုံကြောစနစ်ကို သိပ်ပြီးမမြင်ကြဘူးလို့ ဒေါက်တာ ဘိုရာဂျ်က ပြောပါတယ်။ ဒေါက်တာက "သွေးပေါင်ချိန်တက်လာတယ်ဆိုရင် ကော်ဖီသောက်တာတွေ ဘာတွေမလုပ်ဘဲ အသက်ရှူခြင်းကို ထိန်းချုပ်လိုက်တယ်" လို့ ရှင်းပြပါတယ်။



