ဂျပန်နိုင်ငံ၏ အကြီးဆုံး အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ဖြစ်သော Rengo သည် ယခုနှစ် နွေဦးရာသီ လုပ်ခလစာညှိနှိုင်းပွဲ (Shunto) တွင် ပျမ်းမျှ ၅.၂၆ ရာခိုင်နှုန်းအထိ လစာတိုးမြှင့်ပေးရန် အလုပ်ရှင်များနှင့် သဘောတူညီမှုရရှိခဲ့ကြောင်း တနင်္လာနေ့ (မတ်လ ၂၃ ရက်၊ ၂၀၂၆) တွင် ထုတ်ပြန်လိုက်ပါသည်။ ဤသည်မှာ ဂျပန်နိုင်ငံတွင် ၃ နှစ်ဆက်တိုက် ၅ ရာခိုင်နှုန်းထက်ကျော်လွန်သော လစာတိုးမြှင့်မှုဖြစ်ပြီး ၁၉၉၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးနှုန်းထားများထဲတွင် ပါဝင်နေဆဲဖြစ်သည်။ယခုနှစ်တွင် အလုပ်သမားများက ၅.၉၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း ရရှိခဲ့သည့် ၅.၂၆ ရာခိုင်နှုန်းမှာ ယမန်နှစ်က ပထမအကြိမ် ထုတ်ပြန်ချက်ဖြစ်သော ၅.၄၆ ရာခိုင်နှုန်းထက် အနည်းငယ်လျော့နည်းပါသည်။ သို့သော်လည်း အခြေခံလစာ (Base pay) တိုးမြှင့်မှုမှာ ယမန်နှစ်ကထက် ပိုမိုမြင့်မားလာသည်ကို တွေ့ရသည်။ တိုယိုတာ (Toyota)၊ ဟီတာချီ (Hitachi) နှင့် NEC စသည့် ကုမ္ပဏီကြီးများက သမဂ္ဂများ၏ တောင်းဆိုချက်ကို အပြည့်အဝလိုက်လျောခဲ့ကြသော်လည်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) တွင်မူ လစာတိုးနှုန်းမှာ ၅.၀၅ ရာခိုင်နှုန်းခန့်သာ ရှိနေသေးသည်။အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံဈေးနှုန်းများ မြင့်တက်နေခြင်းက လုပ်ငန်းအချို့အတွက် စိန်ခေါ်မှုဖြစ်စေသော်လည်း ဂျပန်ဗဟိုဘဏ် (BOJ) အနေဖြင့် ယခုကဲ့သို့ ခိုင်မာသော လစာတိုးနှုန်းများကြောင့် လာမည့်လများတွင် အတိုးနှုန်းကို ထပ်မံမြှင့်တင်ရန် လမ်းပွင့်သွားစေနိုင်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။ ဤလစာတိုးမြှင့်မှုသည် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ပြည်သူများ ရင်ဆိုင်နိုင်ရန်နှင့် ပြည်တွင်းစားသုံးမှုအင်အားကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဂျပန်နိုင်ငံ၏ အကြီးဆုံးအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (Rengo) က ၅.၂၆ ရာခိုင်နှုန်းအထိ လုပ်ခလစာတိုးမြှင့်ပေးရန် သဘောတူညီမှုရရှိ
Mar 24 • 4:35 AM
Japan
Local News
Share
| 5 | 0 | 0 | 0 |


