ယခုနိုင်ငံတကာပွဲစဉ်ပတ်အတွင်း အာဆင်နယ်အသင်းမှ အမာခံကစားသမား ၆ ဦးအထိ ဒဏ်ရာအသီးသီးကြောင့် မိမိတို့နိုင်ငံအသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ကြကြောင်း သိရသည်။ နုတ်ထွက်ခဲ့သူများမှာ အော်ဒီဂါ (နော်ဝေ)၊ ထရိုဆတ်ဒ် (ဘယ်လ်ဂျီယံ)၊ ဆာလီဘာ (ပြင်သစ်)၊ တင်ဘာ (နယ်သာလန်)၊ အက်ဇီ (အင်္ဂလန်) နှင့် နောက်ဆုံးမှ နုတ်ထွက်ခဲ့သည့် ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ်တို့ ဖြစ်ကြသည်။ အထူးသဖြင့် ဂါဘရီယဲလ်သည် ညာဘက်ဒူးဒဏ်ရာရရှိမှုကို ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပြီး၊ အက်ဇီ၏ အခြေအနေကိုလည်း နည်းပြအာတေတာက ထပ်မံစစ်ဆေးရဦးမည်ဟု ဆိုသည်။ ယခုကဲ့သို့ နုတ်ထွက်မှုများရှိနေစဉ်အတွင်း နောက်ခံလူ ဘင်ဝှိုက်မှာမူ အင်္ဂလန်အသင်းအတွက် အစားထိုးခေါ်ယူခြင်း ခံခဲ့ရကြောင်း သိရှိရပါသည်။
Mar 24 • 4:30 AM
Myanmar
International
Share
| 8 | 0 | 0 | 0 |


