၂၀၂၅ ခုနှစ်တွင် ကမ္ဘာမြေ၌ စံချိန်တင် အပူချိန်များရှိခဲ့ကြောင်းနှင့်ယင်းကဲ့သို့ အပူချိန်မြင့်တက်မှု၏ နောက်ဆက်တွဲအကျိုးဆက်များသည် နှစ်ပေါင်းထောင်ချီကြာသည်အထိ တည်ရှိနေမည်ကို စိုးရိမ်မှုများ မြင့်တက်နေကြောင်း ကုလသမဂ္ဂက မတ် ၂၃ ရက်တွင် သတိပေးပြောကြားခဲ့သည်။အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့သည့် ၁၁ နှစ်လုံးသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ် အတွင်းဖြစ်ကြောင်း ကုလသမဂ္ဂ၏ မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာအေဂျင်စီ (WMO)က ၎င်း၏ အဓိကနှစ်ပတ်လည် အစီရင်ခံစာ တွင် အတည်ပြုဖော်ပြခဲ့သည်။လွန်ခဲ့သည့်နှစ်သည် မှတ်တမ်းများအရ ဒုတိယ သို့မဟုတ် တတိယမြောက် အပူဆုံးနှစ်ဖြစ်ခဲ့ပြီး ၁,၈၅၀-၁,၉၀၀ ပြည့်နှစ် ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၄၃ ဒီဂရီ ဆဲလ်စီးယပ်စ်ခန့် ပိုမိုမြင့်မားခဲ့ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ က ဆိုသည်။
ကမ္ဘာ့ရာသီဥတုဟာ အရေးပေါ်အခြေအနေကို ဆိုက်ရောက်နေပါပြီ။ ကမ္ဘာဂြိုဟ်ဟာ သူ့ရဲ့ ခံနိုင်ရည် အတိုင်းအတာထက်ကျော် လွန်အောင်တွန်းပို့ခံနေရပါတယ်။ အဓိကရာ သီဥတုညွှန်ကိန်းတိုင်းမှာ အနီရောင်အချက် ပြမီးတွေ လင်းနေပါပြီ” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာ ရက်စ်က ပြောကြားခဲ့သည်။



