လာမည့် ၂၀၂၆-၂၀၂၇ ရာသီ ဥရောပချန်ပီယံလိဂ် (UEFA Champions League) ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည့် ပထမဆုံးအသင်းအဖြစ် စပိန်ကလပ် ဘာစီလိုနာအသင်းက မှတ်တမ်းဝင်သွားကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် ယခုတစ်ပတ် လာလီဂါပွဲစဉ်တွင် ဗယ်လက်ကာနိုအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် စုစုပေါင်း ၂၉ ပွဲကစား၊ ရမှတ် ၇၃ မှတ်ဖြင့် အဆင့် (၅) နေရာမှ ဘက်တစ်အသင်းကို ၂၉ မှတ်အထိ ဖြတ်တောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လက်ကျန် ၉ ပွဲအလိုတွင်ပင် လာလီဂါ၏ ထိပ်ဆုံးအဆင့် (၄) အတွင်းဝင်ရန် သင်္ချာနည်းအရ သေချာသွားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဘာစီလိုနာအသင်းသည် ဒုတိယနေရာမှ ရီးယဲလ်မက်ဒရစ်အသင်းကို ၄ မှတ်ဖြတ်ကာ ဇယားထိပ်မှ ဦးဆောင်နေပြီး လာလီဂါချန်ပီယံဆုကို ဆက်လက်ကာကွယ်နိုင်ရန် အခြေအနေကောင်းလျက်ရှိကြောင်း သိရှိရပါသည်။
Mar 24 • 4:16 AM
Myanmar
International
Share
| 7 | 0 | 0 | 0 |


