အိန္ဒိယမှ အာကာသကုမ္ပဏီတွေဟာ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး ဟိုက်ဒရာဘက်အခြေစိုက် Skyroot Aerospace အာကာသယာဉ်ကုမ္ပဏီဟာဆိုရင် အင်ဂျင်စမ်းသပ်မှုကြီးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယအမျိုးသားသိပ္ပံနေ့မှာ Skyroot Aerospace က Dhawan-III လို့ အမည်ပေးထားတဲ့ အလွန်အေးခဲ ဒုံးပျံအင်ဂျင်ကို လွှတ်တင်ခဲ့ပါတယ်။ ဒီအင်ဂျင်က အရည်အောက်ဆီဂျင်နဲ့ အရည်ဖွဲ့သဘာဝဓာတ်ငွေ့တို့ အသုံးပြုကာ ပတ်ဝန်းကျင်အတွက် ပိုမိုသန့်စင်ပြီး ထိရောက်မှုရှိတဲ့ လွှတ်တင်မှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ကာ ၁၄၅ စက္ကန့်ကြာ စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခဲ့ပါတယ်။ ပင်လယ်မျက်နှာပြင်လယ်ဗယ်မှာ ၂.၃ ကီလိုနယူတန်ပင့်တင်အားဖြင့် လွှတ်တင်ခဲ့ပြီး လေဟာနယ်ထဲမှာ ၂.၈ ကီလိုနယူတန် ရှိခဲ့ပါတယ်။



