back

ထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းသိုလှောင်ထားတဲ့ ရေနံတွေကို မတ်လကုန်မှာ စဖြန့်ဖို့ ဂျပန်စီစဉ်

Mar 24 • 3:53 AM

breaking-news

Japan

Local News

cover

ထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းသိုလှောင်ထားတဲ့ ရေနံတွေကို မတ်လကုန်မှာ စဖြန့်ဖို့ ဂျပန်စီစဉ်

ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းသိုလှောင်ထားတဲ့ ရေနံစိမ်းတွေကို မတ်လကုန်မှာ စတင် ဖြန့်ဝေပေးမယ်လို့ ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက ပြောကြားခဲ့ပါတယ်။ဒါဟာ...

ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းသိုလှောင်ထားတဲ့ ရေနံစိမ်းတွေကို မတ်လကုန်မှာ စတင် ဖြန့်ဝေပေးမယ်လို့ ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက ပြောကြားခဲ့ပါတယ်။ဒါဟာ အီရန်စစ်ပွဲကြောင့် ပြည်တွင်းမှာ ရေနံနဲ့ လောင်စာဆီ အကျပ်အတည်း ကြီးထွားလာနေခြင်းကို ပြေလျော့စေမယ့် အစီအမံ တစ်ခုလည်း ဖြစ်ပါတယ်။ ဂျပန်ဟာ ရေနံကို ပြည်ပကနေ အလုံးအရင်း တင်သွင်းနေရတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန်၊ အစ္စရေးတို့နဲ့ အီရန်က စစ်ခင်း တိုက်ခိုက်နေတဲ့ ဂယက်ကြောင့် ကမ္ဘာတလွှားကို ရေနံတင်ပို့မှုတွေ လျော့ပါးကျဆင်းကုန်ပြီး ဆီစျေးတွေ တက်လာသလို ဆီပြတ်လပ်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ဂျပန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ပုဂ္ဂလိက သိုလှောင်ရုံတွေထဲမှာ ထားရှိတဲ့ ၁၅ ရက်စာ ရေနံနဲ့ လောင်စာဆီတွေကို စျေးကွက်ထဲ ဖြန့်ဝေစေခဲ့ပါတယ်။မတ်လ ၂၄ ရက်နေ့မှာတော့ တကအိချိက ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်း သိုလှောင်ထားတဲ့ ရေနံတွေကိုလည်း အလားတူ ဖြန့်ဝေပေးသွားမယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။ အဲဒီ ပမာဏဟာ စည်ပေါင်း ၁၃ သန်း၊ တစ်နည်းအားဖြင့် ၇ ရက်စာလောက်နဲ့ ညီမျှပါတယ်။ ဂျပန်ဟာ ဆော်ဒီအာရေးဘီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)၊ ကူဝိတ်တို့နဲ့ ပူးပေါင်းပြီး အဲဒီ ရေနံနဲ့ လောင်စာဆီတွေကို ပြည်တွင်းမှာ ဖက်စပ် သိုလှောင်ထားတာ ဖြစ်ပါတယ်။



news-view-count-icon

6