ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင်မြန်မာအလုပ်သမား ခုနစ်ဦးအားအလုပ်သွင်းပေးမည်ဟုဆိုကာ စမတ်ခ(အလုပ်သွင်းခ)များယူဆောင်ထွက်ပြေးနေသည့် ရှမ်းအမျိုးသမီး ပွဲစားတစ်ဦးအား အမှုဖွင့်တိုင်ကြားခဲ့ကြောင်း UFF - Labourအဖွဲ့မှ သိရသည်။၎င်းပွဲစားသည် ယခုနှစ်ဖေဖော်ဝါရီ ၁ ရက်တွင် အလုပ်သမားများ၏ စာရွက်စာတမ်းများနှင့် စမတ်ခအဖြစ် တစ်ဦးလျှင် ဘတ်ငွေ၈,၀၀၀ ကို တောင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အလုပ်သမားများသည် မတ်၁ ရက်တွင် UFF အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး ဖုန်းဖြင့် ဆက်သွယ်ဖြေရှင်းပေးခဲ့ရာ အလုပ်သမား ခြောက်ဦး၏ စာရွက်စာတမ်းများသာပြန်လည်ရရှိခဲ့ကြောင်း UFF အဖွဲ့မှသိရသည်။ကျန်ရှိသည့် အလုပ်သမားတစ်ဦး၏ စာရွက်စာတမ်းများနှင့် အလုပ်သမားခုနစ်ဦးတို့၏ စမတ်ခများအားလာရောက်ဖြေရှင်းပေးခြင်း မရှိသောကြောင့် မတ် ၂၂ ရက်တွင် သက်ဆိုင် ရာရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။



