လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီအကျပ်အတည်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ခရီးသည်တင်ယာဉ်ခများ ၂ ဆမှ ၃ ဆခန့်အထိ မြင့်တက်လာကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ တောင်ကြီးနှင့် အောင်ပန်းမြို့တို့တွင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်နေပြီး ပြင်ပပေါက်စျေးမှာ ဒီဇယ်တစ်လီတာလျှင် ကျပ် ၇,၅၀၀ မှ ၈,၀၀၀ အထိ ရှိနေသဖြင့် ယာဉ်လိုင်းများမှာ ခရီးစဉ်အရေအတွက် လျှော့ချပြေးဆွဲနေရသည်။ တောင်ကြီး-ရန်ကုန် ကားလက်မှတ်ခမှာ ဖေဖော်ဝါရီလကုန်ပိုင်းက ကျပ် ၂ သောင်းကျော်သာရှိခဲ့သော်လည်း ယခုအခါ ယာဉ်လိုင်းအလိုက် ကျပ် ၆၃,၀၀၀ မှ ၆၈,၀၀၀ အထိ ခုန်တက်သွားခဲ့သည်။ထို့ပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံနှင့် မိုင်းဆတ်ဘက်တွင်လည်း ဆီစျေးနှုန်းများ မြင့်တက်ကာ အကန့်အသတ်ဖြင့်သာ ဝယ်ယူရရှိသဖြင့် မီးစက်နှင့် အခြားစက်ပစ္စည်းများ အခက်တွေ့နေရသည်။ ဆီပြတ်လပ်မှု ဆက်လက်ဆိုးရွားပါက ဆက်သွယ်ရေးတာဝါတိုင်များ ရပ်တန့်သွားနိုင်သည့်အပေါ် ပြည်သူများက စိုးရိမ်နေကြသည်။ 
| 7 | 0 | 0 | 0 |


