back

ထိုင်းနိုင်ငံ၌ကျင်းပမည့် သီးနှံပြပွဲတွင် မြန်မာပါဝင်ပြသရန် ဖိတ်ခေါ်ထား

Mar 24 • 3:19 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၌ကျင်းပမည့် သီးနှံပြပွဲတွင် မြန်မာပါဝင်ပြသရန် ဖိတ်ခေါ်ထား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ JW Marriott Hotel တွင် လာမည့် မေလ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် ASIA Fruit Logistica 2026 South East Asia Meet Up ပြပွဲတွင် မြန်...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ JW Marriott Hotel တွင် လာမည့် မေလ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် ASIA Fruit Logistica 2026 South East Asia Meet Up ပြပွဲတွင် မြန်မာနိုင်ငံမှ သီးနှံတင်ပို့သည့် လုပ်ငန်းရှင်များ ပါဝင်ပြသရန် မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့သူများအသင်း (MFVP) က ဖိတ်ခေါ်ထားသည်။ ကမ္ဘာတစ်ဝန်းမှ လုပ်ငန်းရှင် ၄၀၀ ကျော် တက်ရောက်မည့် အဆိုပါ နိုင်ငံတကာအဆင့်မီပြပွဲတွင် MFVP အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ပါဝင်ခွင့်ရရှိထားရာ အသင်းဝင်လုပ်ငန်းရှင်များအတွက် နိုင်ငံတကာကုမ္ပဏီများနှင့် စီးပွားရေးချိတ်ဆက်မှုများ ရရှိနိုင်ခြင်း၊ မိမိတို့ထုတ်ကုန်များကို ကမ္ဘာ့အဆင့်မီ ကြော်ငြာနိုင်ခြင်းနှင့် အရောင်းအဝယ် အခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

7