ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ မြန်မာ့လက်ရွေးစင်ဂိုးသမားဟောင်း ဘုန်းသစ္စာမင်းဟာ ဒဏ်ရာ ပြန်လည်သက်သာလာတဲ့အတွက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနဲ့ အတူ ပူးတွဲလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ ကစားသမားဘုန်းသစ္စာမင်းဟာ ၂၀၂၀ခုနှစ်ကတည်းက ဒူးဒဏ်ရာကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သွန်ဘူရီဆေးရုံ မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ အစီအစဉ်နဲ့ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက်ပိုင်း အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကလပ်အသင်းလက်မဲ့ဖြစ်နေတာကြောင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနဲ့အတူ ပူးတွဲလေ့ကျင့်မှုတွေ ပြုလုပ်နေပြီး ကလပ်အသင်းတွေနဲ့ ဆွေးနွေးမှုပြုလုပ်နေတယ်လို့ ပြောပါတယ်။



