အက်သလက်တီကိုအသင်း၏ ပြင်သစ်တိုက်စစ်မှူး အန်တွမ်ဂရီးဇ်မန်း သည် အမေရိကန်မေဂျာလိဂ် (MLS) ကလပ် အော်လန်ဒိုစီးတီးနှင့် စာချုပ်ချုပ်ဆိုရန် ယခုနိုင်ငံတကာရက်သတ္တပတ်အတွင်း အမေရိကန်သို့ သွားရောက်မည်ဖြစ်သည်။ အသက် ၃၅ နှစ်အရွယ် ဂရီးဇ်မန်းသည် ယခုရာသီကုန်တွင် အက်သလက်တီကိုနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ အပြောင်းအရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့မည်ဖြစ်ပြီး ၎င်းအား အသင်းကလည်း ခွင့်ပြုချက်ပေးထားပြီးဖြစ်သည်။မီဒီယာများ၏ ဖော်ပြချက်အရ ဂရီးဇ်မန်းသည် အော်လန်ဒိုစီးတီးနှင့် (၂) နှစ်စာချုပ်အပြင် (၁) နှစ် ထပ်မံသက်တမ်းတိုးနိုင်မည့် အခွင့်အရေးပါဝင်သော နှုတ်ကတိဖြင့် သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ အသင်းတွင် ကျောနံပါတ် (၇) ကိုပင် ဆက်လက်ဝတ်ဆင်သွားမည်ဖြစ်သည်။ ဂရီးဇ်မန်းသည် အက်သလက်တီကိုနှင့်အတူ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်လိုသောကြောင့် အပြောင်းအရွှေ့ကို ရာသီကုန်မှသာ တရားဝင်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Mar 23 • 7:53 AM
Myanmar
International
Share
| 9 | 0 | 0 | 0 |


