အီတလီနိုင်ငံ၊ ဆောက်သ်တိုင်ရိုးလ် (South Tyrol) တောင်တန်းဒေသရှိ အမြင့် ၇,၈၇၄ ပေခန့်ရှိသော ဟိုဟီဖာစီ (Hohe Furci) တောင်စောင်းတွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်က ဆီးနှင်းပြိုကျမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် နှင်းလျှောစီးသမား ၂ ဦး သေဆုံးကာ ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အခြားနှင်းလျှောစီးသမား ၂၃ ဦးခန့်မှာလည်း နှင်းများအတွင်း ပိတ်မိနေနိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ခန့်မှန်းထားသည်။
လက်ရှိတွင် ကယ်ဆယ်ရေးသမား ၈၀ ခန့်က ရဟတ်ယာဉ် ၆ စင်းဖြင့် ပိတ်မိနေသူများကို ကယ်တင်ရန် အပြင်းအထန် ကြိုးပမ်းလျက်ရှိသည်။ ဥရောပတွင် ယခုနှစ် နှင်းလျှောစီးရာသီအတွင်း သေဆုံးသူအရေအတွက်မှာ ယမန်နှစ်ထက် ပိုမိုမြင့်မားနေပြီး ပြီးခဲ့သည့် အောက်တိုဘာလမှ ယခုအချိန်အထိ စုစုပေါင်း သေဆုံးသူ ၁၂၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရှိရပါသည်။


