back

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသို့ မှောင်ခိုတင်ပို့မည့် ကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Mar 23 • 3:53 AM

breaking-news

Myanmar

Shan

cover

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသို့ မှောင်ခိုတင်ပို့မည့် ကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပုန်းထွန်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်းဘေးတွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက် နံနက်ပိုင်းက ကျပ် ၂ ဒသမ ၀၈ ဘီလျံခန့် တန်ဖိုးရှိ...

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပုန်းထွန်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်းဘေးတွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက် နံနက်ပိုင်းက ကျပ် ၂ ဒသမ ၀၈ ဘီလျံခန့် တန်ဖိုးရှိ အိုက်စ် (Ice) မူးယစ်ဆေးဝါး ၂၆၀ ကီလိုဂရမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။ မသင်္ကာဖွယ်လူတစ်စုသည် အဆိုပါမူးယစ်ဆေးဝါးများကို မြေထိန်းနံရံပေါ်မှ ကြိုးဖြင့်ချကာ မယ်ဆိုင်ချောင်းကိုဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ ပို့ဆောင်ရန် ကြိုးပမ်းနေစဉ် သတင်းအရ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသူ စိုင်းမောင်ဝမ်း (ခ) ဝမ်းဝမ်းနှင့်အတူ အိတ် ၁၃ လုံးအတွင်း စနစ်တကျထုပ်ပိုးထားသည့် အိုက်စ်များကို သိမ်းဆည်းရမိခဲ့ပြီး၊ လက်ရှိတွင် တရားခံအား ဥပဒေအရ အရေးယူနိုင်ရန် နယ်မြေရဲစခန်းသို့ လွှဲပြောင်းကာ ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း  သိရပါသည်။

news-view-count-icon

9