back

ရန်ကုန်တိုင်းအတွင်း ဘက်စ်ကားမှတ်တိုင်များတိုးချဲ့မည်

Mar 23 • 3:51 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်းအတွင်း ဘက်စ်ကားမှတ်တိုင်များတိုးချဲ့မည်

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် ရန်ကုန်မြို့အတွင်းရှိ YBS ယာဉ်စီးနင်းသူများအတွက် လိုအပ်သည့်နေရာများတွင် ဘတ်စ်ကာ...

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် ရန်ကုန်မြို့အတွင်းရှိ YBS ယာဉ်စီးနင်းသူများအတွက် လိုအပ်သည့်နေရာများတွင် ဘတ်စ်ကားမှတ်တိုင်သစ်များ ထပ်မံတိုးချဲ့သွားရန် စစ်တမ်းကောက်ယူမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်မြို့၌ ကားမှတ်တိုင်ပေါင်း ၁,၄၀၀ ဝန်းကျင်ရှိသော်လည်း နေရာအချို့တွင် မှတ်တိုင်အတည်တကျမရှိခြင်း၊ လမ်းတစ်ဖက်တွင်သာ မှတ်တိုင်ရှိပြီး ကျန်တစ်ဖက်တွင် မရှိခြင်းနှင့် ကားစောင့်နားနေဆောင်များ မလုံလောက်ခြင်းတို့ကြောင့် ခရီးသည်များမှာ ပူပြင်းသည့်ရာသီဥတုအောက်တွင် အခက်တွေ့နေရကြောင်း သိရှိရပါသည်။ ထို့ကြောင့် ခရီးသည်များ ကားစောင့်ရလွယ်ကူစေရန်နှင့် နေပူမိုးရွာဒဏ်မှ ကာကွယ်နိုင်ရန်အတွက် မှတ်တိုင်များကို စနစ်တကျ ပြန်လည်အကောင်အထည်ဖော်ပေးသွားမည်ဖြစ်ကြောင်း YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၏ ပြောကြားချက်အရ သိရှိရပါသည်။

news-view-count-icon

8