အထူးဒေသ(၆) ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ဝမ်းပုံကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာမှာ နောင်ခမ်းရွာ၏ မူလတန်းကျောင်းတွင် လူငယ်များစွမ်းရည်မြင့်သင်တန်းဖွင့်လှစ်ခဲ့ကြောင့်သိရသည်။ အဆိုပါသင်တန်းတွင် လူငယ်များ၏ အရည်အချင်းတိုးတက်လာစေရန်၊ လိမ္မာရေးခြားနှင့် စည်းကမ်းသိရှိစေရန်၊ နေထိုင်မှုဘဝကျွမ်းကျင်မှုများကို မြှင့်တင်ပေးရန် ရည်ရွယ်၍ သင်ကြားပို့ချခဲ့ကြသည်။ ထို့ပြင် အင်္ဂလိပ်ဘာသာစကားနှင့် ပအိုဝ်းစာပေများကိုပါ ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း သိရသည်အဆိုပါ လူငယ်စွမ်းရည်မြှင့်သင်တန်းကို ဆရာတော် အရှင်ဝိနယ (တက္ကသိုလ် ခွန်ယံမွေး) ဦးဆောင်၍ တက္ကသိုလ်ကျောင်းသားရဟန်းတော်များနှင့် ကျောင်းဆရာမ(၄)ဦးတို့က ပူးပေါင်းသင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။ သင်တန်းတွင် လူငယ်စွမ်းရည်မြှင့်သင်ခန်းစာများအပြင် အင်္ဂလိပ်ဘာသာစကားနှင့် ပအိုဝ်းစာပေများကိုလည်း ထည့်သွင်းသင်ကြားပေးလျက်ရှိသည်ဟု သိရသည်။ လူငယ်စွမ်းရည်မြင့်သင်တန်းကို မတ်လ(၁၅)ရက်နေ့မှစပြီး ဧပြီလ (၉)ရက် ကြာသပတေးနေ့ထိသင်ကြားမည်ဖြစ်သင်တန်းသူ/သား ပေါင်း(၈၀)ဦး တက်ရောက်ခဲ့ကြောင်းသိရပါသည်။



