ရွှေနဲ့ ငွေသတ္ထုတွေရဲ့ နိုင်ငံတကာအနာဂတ်ဈေးနှုန်းတွေ သောကြာနေ့ ကုန်သွယ်မှုအတွင်း ၃ ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပါတယ်။နယူးယောက် စတော့အိတ်ချိန်းဌာနရဲ့ COMEX စတော့ အိတ်ချိန်းဌာနခွဲက ရွှေရဲ့ အနာဂတ်စျေးဟာ တအောင်စကို အမေရိကန်ဒေါ်လာ ၄,၅၀၀ အောက် ၃ ရာခိုင်နှုန်း ကျော် ကျဆင်းခဲ့ပါတယ်။ငွေရဲ့ အနာဂတ်ဈေးနှုန်းကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၆၈ အောက်ထိ ၇ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။အခုလအထိ ရွှေဈေးနှုန်းတွေ ၁၅ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး ငွေဈေးနှုန်းက ၂၇ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။ပထဝီနိုင်ငံရေးဆိုင်ရာ အန္တရာယ်တွေက အဖိုးတန်သတ္တုတွေအတွက် အကျိုးရှိပေမဲ့ ရေနံဈေးနှုန်းတွေ မြင့်တက်လာလို့ ငွေကြေးဖောင်းပွမှု မြန်ဆန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို ပြန်နိုးကြားစေခဲ့တယ်လို့ ဈေးကွက်လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ 
| 9 | 0 | 0 | 0 |


