UK ကနေ စတင်ကူးစက်ပျံ့နှံ့နေပြီး ထိုင်းမှာ လူ ၃ ဦးအထိ သေဆုံးခဲ့ပြီဖြစ်တဲ့ Meningcoccal ရောဂါ- ဦးနှောက်အမြှေးပါးရောင်ရောဂါကို သေချာကြပ်မတ်စောင့်ကြည့်ဖို့ အစိုးရက Department of Disease Control (DDC) ကို ညွှန်ကြားထားပါတယ်။ UK ရဲ့ တောင်ပိုင်းဒေသ အထူးသဖြင့် ကျောင်းသားတွေကနေ စတင်ပျံ့နှံ့တဲ့ရောဂါဖြစ်ပြီး လက်ရှိ မတ်လ ၁၈ ရက်နေ့အထိ ကူးစက်မှု သံသယရှိသူ ၂၀ ကျော်၊ ၉ ဦးက ရောဂါရှိတာသေချာနဲ့ ၂ ဦးသေဆုံးပြီးပါပြီ။ထိုင်းကတော့ UK နဲ့ကွာပြီး အစုလိုက်အပြုံလိုက် ကူးစက်တာမရှိသလို January 1 ရက်ကနေ March 17 ရက်နေ့အထိ ကူးစက်သူ ၅ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိပါတယ်။ အခုလို ပမာဏနည်းနေပေမယ့် DDC က နေမကောင်းသူတွေကို အဓိကစောင့်ကြည့်နေပြီး ဒီရောဂါဖြစ်ပြီဆိုရင်အဖျားရုတ်တရက်ကြီးတာ၊ခေါင်းအပြင်းအထန်ကိုက်တာ၊လည်ချောင်းတင်းနေတာ၊နုံးနယ်တာ၊ခန္ဓာကိုယ်အနှံ့ သွေးခြေဥအစက်အပြောက်များ သို့မဟုတ် သွေးယိုစီးတဲ့ အနီစက်တွေပေါ်လာနိုင်ပါတယ်။ဒီလိုဖြစ်လာပြီဆိုရင် ချက်ချင်း ဆေးကုသမှုခံယူသင့်ပြီး အချိန်မီကုသရင် အခြေအနေမဆိုးဘဲ ကုသနိုင်ပါတယ်။
Mar 23 • 2:43 AM
Thailand
Local News
Share
| 9 | 0 | 0 | 0 |


