တရုတ်ပြည်မှ ပြန်လည်ပို့ဆောင်ခံရသည့် အမျိုးသမီးတစ်ဦးသည် ရိုက်နှက်နှိပ်စက်ခံထားရသည့် ဒဏ်ရာများနှင့်အတူ ယနေ့ (မတ်လ ၂၂ ရက်) တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။လေဆိပ်တွင် ယောင်လည်လည်ဖြစ်နေသဖြင့် လုံခြုံရေးမှ စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာအဖွဲ့များနှင့် ဆက်သွယ်ပေးခဲ့သည်ဟု သိရသည်။ လက်ရှိတွင် အဆိုပါအမျိုးသမီးကို ရန်ကုန်ရှိ သာသနာ့ရောင်ခြည်ဦး (ပလောင်) ကျောင်းတွင် စောင့်ရှောက်ထားပြီး မိသားစုနှင့် ဆက်သွယ်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရပါသည်။၎င်းမှာ အသက် (၂၀) ဝန်းကျင်ရှိပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနိုင်သည့်အပြင် ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများ တွေ့ရကြောင်း သိရှိရသည်။



