back

မြန်မာနွယ်ဖွား မွန်တိုင်းရင်းသားဆွန်ရတ်နှင့် မွေထိုင်းဝါရင့်ဖိုက်တာ ဒက်ဒူအန်လတ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်

Mar 22 • 8:35 AM

breaking-news

Myanmar

Local

breaking-news
cover

မြန်မာနွယ်ဖွား မွန်တိုင်းရင်းသားဆွန်ရတ်နှင့် မွေထိုင်းဝါရင့်ဖိုက်တာ ဒက်ဒူအန်လတ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်

လာမည့် မတ်လ (၂၇)ရက်၌ ONE FF - 148 ပွဲစဉ်အတွင်းမြန်မာနွယ်ဖွား မွန်တိုင်း ရင်းသား ဆွန်ရတ်နှင့် မွေထိုင်းဝါရင့်ဖိုက်တာ ဒက်ဒူအန်လတ်တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်...

လာမည့် မတ်လ (၂၇)ရက်၌ ONE FF - 148 ပွဲစဉ်အတွင်းမြန်မာနွယ်ဖွား မွန်တိုင်း ရင်းသား ဆွန်ရတ်နှင့် မွေထိုင်းဝါရင့်ဖိုက်တာ ဒက်ဒူအန်လတ်တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။ပြိုင်ဘက်ဖြစ်သူ ဒတ်ဒူအန်လတ်သည် Flyweight တန်း၏ အဆင့်မြင့်ဖိုက်တာများဖြစ်သည့် Enmanzhaliev၊ Nakrob နှင့် Aslamjon Ortikov တို့နှင့်ရင်ဆိုင်ဖူးသည့် အတွေ့အကြုံရင့်သူ တစ်ဦးလည်းဖြစ်သည်။ဆွန်ရတ်‌အနေဖြင့်ခက်ခဲသည့် ပွဲကြမ်းတစ်ခုဖြစ်သလို ဆွန်ရတ်အတွက် အဆင့် တဆင့်ထပ်မံတက်လှမ်းဖို့ ONE ၏ စမ်းသပ်မှုတစ်ခုဖြစ်နိုင်ကြောင်း

သုံးသပ်နေကြသည်။အဆိုပါပွဲစဉ်အတွင်း နောက်ထပ်ရိုးရုဖိုက်တာ သန့်ဇင်နှင့် ဆလိုင်းတို့လည်း ပါဝင်မည်ဟု ကနဦးသတင်းများထွက်ပေါ်နေပြီး၊ ONE ဘက်မှတရားဝင်အသိ ပေးခြင်းမျိုး မရှိသေးပေ။

news-view-count-icon

16