menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

သဘာဝမြေဩဇာများကို မျှတစွာသုံးစွဲရန်နှင့် နွေစပါးနှင့် နွေအခြားသီးနှံ လျာထားဧကများပြည့်မီ၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရန်လိုအပ် ဟုဆို

Mar 22 • 7:29 AM

breaking-news

Myanmar

Local

breaking-newsbreaking-news

Share

share-news
cover

သဘာဝမြေဩဇာများကို မျှတစွာသုံးစွဲရန်နှင့် နွေစပါးနှင့် နွေအခြားသီးနှံ လျာထားဧကများပြည့်မီ၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရန်လိုအပ် ဟုဆို

ဓာတုပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်းမှာ မြေဆီလွှာပျက်စီးစေနိုင်သဖြင့်သဘာဝမြေဩဇာများကို မျှတစွာသုံးစွဲရန်နှင့် နွေစပါးနှင့် နွေအခြားသီးနှံ လ...

cover-photo

ဓာတုပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်းမှာ မြေဆီလွှာပျက်စီးစေနိုင်သဖြင့်သဘာဝမြေဩဇာများကို မျှတစွာသုံးစွဲရန်နှင့် နွေစပါးနှင့် နွေအခြားသီးနှံ လျာထားဧကများပြည့်မီ၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရန်လိုအပ် ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒေသခံ တောင်သူများနှင့်တွေ့ဆုံစဉ် ဆွေးနွေးမှာကြားသည်။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ မန်လ၂၀ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်လယ်ဝေးမြို့နယ်ရှိ သီးနှံစိုက်ဧကများ ပိုမိုတိုးတက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေးအတွက် ချောင်းမငယ်နှင့် မဒန်းဆည်ရေသောက်စနစ်အတွင်း မြောင်းအဖျားပိုင်းဧရိယာများအထိ နွေစပါးနှင့် နွေအခြားသီးနှံစိုက်ပျိုးရေလုံလောက်စွာ ပေးဝေနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ်အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ဒေသခံတောင်သူများအားစိုက်ပျိုးရေကို စနစ်တကျအကျိုးရှိစွာ သုံးစွဲကြရန်၊ အထွက်နှုန်းကောင်း၍ သက်တမ်းတိုသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးကြရန်လည်း ဆွေးနွေးမှာကြားပြီး နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။၎င်းအပြင် ချောင်းမငယ်ဆည်ရေသောက်စနစ် (ဆင်အုံကန်အောက်ပိုင်း) တူးမြောင်းမကြီး ပေတိုင်- ၅၃၃၅ နေရာနှင့် လက်တံမြောင်း အမှတ် (၁၁)၊ ပေတိုင် ၁၆၀၀၀ မှ စိုက်ပျိုးရေပေးဝေလျက်ရှိသည့် စနစ်ကျလယ်ယာမြေ ဧက ၁၂၁ သို့ ရောက်ရှိရာ တာဝန်ရှိသူများက ချောင်းမငယ်ရေလှောင်တမံမှ လက်ရှိရေသိုလှောင်ထားရှိမှုအခြေအနေနှင့် အသုံးပြုနိုင်မှု၊ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် နွေအခြားသီးနှံစိုက်ပျိုးရန် လျာထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက နွေစပါးနှင့် နွေအခြားသီးနှံများ အောင်မြင်ဖြစ်ထွန်းသည်အထိ အောင်ရေကို စနစ်တကျပေးဝေသွားရန်၊ စိုက်ပျိုးရေပေးဝေရာတွင် အလေအလွင့်အနည်းဆုံး ဖြစ်ရန်နှင့်ရေပေးရာသီတစ်လျှောက် မြောင်းများ ကြံ့ခိုင်ကောင်းမွန်မှုရှိစေရေးကို အမြဲမပြတ် စစ်ဆေးပြုပြင်ထိန်းသိမ်းသွားကြရန်မှာကြားသည်။ချောင်းမငယ် ဆည်ရေသောက်ဧရိယာအတွင်း နွေစပါးနှင့် နွေအခြားသီးနှံများ အချိန်မီစိုက်ပျိုး နိုင်ရန်အတွက် စိုက်ပျိုးရေကို မတ် ၁ ရက်မှစတင်၍ ပေးဝေလျက်ရှိပြီး ချောင်းမငယ်ဆည်ရေသောက်အနေဖြင့် နွေစပါး ဧက ၅၀၀၀ နှင့် နွေအခြားသီးနှံ ဧက ၁၀၀၀ စုစုပေါင်း ဧက ၆၀၀၀ ကို စိုက်ပျိုးရန်လျာထားလျက်ရှိကြောင်း သိရသည်။အဆိုပါမဒန်းဆည်ရေသောက်စနစ်အတွင်း နွေစပါး ၂၁၁၅ ဧကနှင့် နွေအခြားသီးနှံ ၁၆၁ ဧက စုစုပေါင်းဧက ၂၂၇၆ ဧကအား အချိန်မီစိုက်ပျိုးနိုင်ရန် မဒန်းရေလွှဲဆည်ရေပေးတူးမြောင်းမကြီးမှ ဖေဖော်ဝါရီ ၅ ရက်မှစတင်၍ စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။



news-view-count-icon

16

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာရှဖလား ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၁) မြားပစ်ပြိုင်ပွဲသို့ လေ့လာရန် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မောလိပ်ရပ်ကွက်၊ သမာလမ်းသွယ်တွင် နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့

cover-photo
right-arrow-icon