အာရှဖလား ဒုတိယအကျော့ ခြေစစ်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည့်ပွဲစဉ်အား မတ် ၂၆ ရက်တွင်ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ အာဖဂန်နစ္စတန်နှင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။ယခင်က အဆိုပါပွဲစဉ်ကို ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်း စစ်ရေးအခြေအနေကြောင့် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ကစားခြင်းဖြစ်ကြောင်း သိရသည်။အာရှဖလား ပထမအကျော့ ခြေစစ်ပွဲစဉ်အဖြစ် မြန်မာ-အာဖဂန်နစ္စတန်ပွဲစဉ်အား မြန်မာနိုင်ငံက လက်ခံကစားခဲ့ပြီး မြန်မာအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားသည်။မြန်မာအမျိုးသားအသင်းသည် 2027 AFC အာရှဖလားခြေစစ်ပွဲတွင်အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီးပဏာမကစားသမား ၂၈ ဦးစာရင်းကို မတ် ၂၁ ရက်တွင် ထုတ်ပြန်ထားကြောင်းသိရသည်။
| 17 | 0 | 0 | 0 |


