back

ဟောမု့ဇ်ရေလက်ကြားကို ဂျပန်သင်္ဘောတွေ ဖြတ်သန်းခွင့်ပြုရေး အီရန် အသင့်ရှိနေ

Mar 22 • 4:17 AM

breaking-news

Myanmar

International

cover

ဟောမု့ဇ်ရေလက်ကြားကို ဂျပန်သင်္ဘောတွေ ဖြတ်သန်းခွင့်ပြုရေး အီရန် အသင့်ရှိနေ

အီရန်က ကမ္ဘာ့ စွမ်းအင်ထောက်ပံ့ရေး အသက်သွေးကြောဖြစ်တဲ့ ဟောမု့ဇ် ရေလက်ကြားအား ဂျပန်နဲ့ဆက်စပ်တဲ့ သင်္ဘောတွေကို ဖြတ်သန်းခွင့်ပြုဖို့ အဆင်သင့်ရှိကြောင်း အီရန် နိုင်င...

အီရန်က ကမ္ဘာ့ စွမ်းအင်ထောက်ပံ့ရေး အသက်သွေးကြောဖြစ်တဲ့ ဟောမု့ဇ် ရေလက်ကြားအား ဂျပန်နဲ့ဆက်စပ်တဲ့ သင်္ဘောတွေကို ဖြတ်သန်းခွင့်ပြုဖို့ အဆင်သင့်ရှိကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီကို ကိုးကားပြီး ဂျပန်သတင်းဌာန က ဖော်ပြပါတယ်။အဲဒီ သတင်းဖော်ပြမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ ရိုက်တာသတင်းဌာနက ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ ဝန်ကြီးချုပ်ရုံးတို့ကို မတ် ၂၁ ရက်က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ဂျပန်အနေနဲ့ ဟောမု့ဇ် ရေလက်ကြားကို ပြန်လည် ဖွင့်လှစ်ရေး ကြိုးပမ်းမယ်ဆိုရင် အဲဒီလမ်းကြောင်းကနေ ဂျပန်နဲ့ ဆက်စပ်တဲ့ သင်္ဘောတွေကို အီရန်က ဖြတ်သန်းခွင့်ပြုဖို့ အဆင်သင့်ရှိတယ်လို့ ဝန်ကြီး အဘတ်စ် အာရက်ချီက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ဂျပန်ဟာ သူတို့ နိုင်ငံအတွက် လိုအပ်တဲ့ ရေနံ တင်သွင်းမှု စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကို ဟောမု့ဇ် ရေလက်ကြားက ဖြတ်သန်း တင်သွင်းနေရတာ ဖြစ်ပါတယ်။အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင်တိုက်ခိုက်ပြီးနောက်မှာ အီရန်က အခုလိုရေလက်ကြားကို လုံးဝနီးပါး ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။မတ် ၂၁ရက်က စတုတ္ထသီတင်းပတ်ထဲ ဝင်ရောက်လာပြီ ဖြစ်တဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေး မြင့်တက်လာချိန်မှာ ဂျပန်နဲ့ တခြားနိုင်ငံတွေဟာ သူတို့ရဲ့ အရန်လောင်စာတွေကို ထုတ်သုံးနေရပါတယ်။ဟောမု့ဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေး မဟာမိတ်တွေ ကူညီဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဥရောပနိုင်ငံတွေကို တိုက်တွန်းခဲ့ပေမယ့် သူတို့သက်ဆိုင်တဲ့ စစ်ပွဲမဟုတ်ကြောင်း အဲဒီ နိုင်ငံတွေက တုံ့ပြန်ထားပါတယ်။ဂျပန်ဝန်ကြီးချုပ် တာကာအိချီက ရေလမ်းကြောင်း ပြန်ဖွင့်ရေး ဂျပန် ဥပဒေအရ မိမိတို့ လုပ်ဆောင်နိုင်တဲ့ အခြေအနေ၊ မလုပ်ဆောင်နိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထရန့်ကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။




news-view-count-icon

13