သရုပ်ဆောင်စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာတို့ရဲ့ တူမ တော်စပ်သူ၊ စိုးမြတ်ကလျာရဲ့ သမီးလေးဖြစ်တဲ့ ခေတ်ခေတ်က အနုပညာလောကထဲကို သူမ ဝင်မှာမဟုတ်ကြောင်း အပွင့်လင်းဆုံးပြောလာပါတယ်။ သူမအနေနဲ့ အဒေါ်တွေလို အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင် ၊ မင်းသမီးလုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဒေါ်ဖြစ်သူနဲ့ အင်တာဗျူးတွေမှာ မကြာခဏတွေ့ရပေမယ့် အင်တာဗျူးတွေကိုလည်း တတ်နိုင်သလောက် မဖြေပဲရှောင်မယ့်အကြောင်း ပြောပါတယ်။



