ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ယူနက်စကို (UNESCO) ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပမည့် ယိမ်းအကနှင့် တိုင်းရင်းသားရိုးရာအက ပြိုင်ပွဲများအတွက် လျှောက်လွှာများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်မှ ၃၁ ရက်အထိ ခေါ်ယူနေပြီဖြစ်သည်။ ပြိုင်ပွဲအမျိုးအစားများတွင် မူကြိုအဆင့်မှစ၍ ကျောင်းပေါင်းစုံ၊ ဌာနဆိုင်ရာများနှင့် အလွတ်တန်းအဆင့်များအထိ (၁၂ ဦးယိမ်း၊ ၁၆ ဦးယိမ်း၊ ၂၀ ဦးယိမ်း) စသည်ဖြင့် ကဏ္ဍအလိုက် ခွဲခြားသတ်မှတ်ထားပြီး အမျိုးသားအလွတ်တန်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများကိုပါ သီးခြားထည့်သွင်းကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Mar 22 • 2:43 AM
Myanmar
Yangon
Share
| 12 | 0 | 0 | 0 |


