၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက် နံနက် ၉ နာရီခန့်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မြလင်းပွင့်မိုတယ်အနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ် ၃ စီးကို စစ်ဆေးရာမှ စုစုပေါင်း စိတ်ကြွဆေးပြား ၁၇.၈ သန်းကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိမှုတွင် ဖော်ကျူနာကားပေါ်မှ ၆ သန်း၊ ဟိုင်းလက်ကားပေါ်မှ ၇.၄ သန်းနှင့် ဖို့ဒ်ကားပေါ်မှ ၄.၄ သန်းတို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါ မူးယစ်ဆေးဝါးများကို မည်သူက လာရောက်စွန့်ပစ်ထားသည်ကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Mar 22 • 2:23 AM
Myanmar
Shan
Share
| 11 | 0 | 0 | 0 |


