ရခိုင်ပြည်နယ်ရှိ မြို့အချို့တွင် ယခုရက်ပိုင်းအတွင်း တစ်သောင်းတန် ငွေ စက္ကူအတုများ ပျံ့နှံ့နေသဖြင့် အသုံးပြုရာတွင် အခက်အခဲများ ကြုံ့တွေ့နေကြကြောင်း ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။နေ့စဉ်လူတိုင်း ဈေးအရောင်းအဝယ်များ ပြုလုပ်ရာတွင် တစ်သောင်းတန် ငွေစက္ကူအတုများ ကြားညှပ်ပါလာနေသည်ကို ကြုံတွေ့နေကြရသည်ဟု ပြောကြသည်။ယခုတွေ့ရှိရသော ငွေစက္ကူအတုများမှာ လေးထောက်စွန် အနားမညီခြင်း၊ ကာလာဖျော့ခြင်း၊ စက္ကူသား ပြောင်ချောပြီး ပါးလွှာခြင်း၊ ရောင်ပြန်ကြိုးနေရာတွင် ဆေးရောင်ဖြင့်သာ ရေးဆွဲထားခြင်းနှင့် ငွေမျက်နှာပြင် အရောင်တောက်တောက်ဖြင့် ပုံနှိပ်ထားခြင်းကို တွေ့ရကြောင်း ပြောဆိုကြသည်။ယင်းကြောင့် နေ့စဉ်အရောင်းအဝယ် ကူးလူးဆက်ဆံရာတွင် ငွေစက္ကူများကို သေချာစစ်ဆေးပြီး သတိထားယူနေရကြောင်း ပြောကြသည်။
Mar 22 • 2:23 AM
Myanmar
Rakhine
Share
| 10 | 0 | 0 | 0 |


