မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် အမေရိကန်နိုင်ငံသား မြန်မာ့အရေးအစဉ်တစိုက် လုပ်ဆောင်သူ Mrs. Kelley Anne Eckels-Currie အား ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌ Sidharto R. Suryodipuro က အဆိုပြုလိုက်ကြောင်း သတင်းထုတ်ပြန်သည်။ယခုလအတွင်း ကျင်းပမည့် ကုလလူ့အခွင့်အရေးကောင်စီ ၆၁ ကြိမ်မြောက် ညီလာခံ၌ ခန့်အပ်ရန် လစ်လပ်နေသော လူ့အခွင့်အရေးဆိုင်ရာကိုယ်စားလှယ် ရာထူးနေရာ ၁၇ ခုအတွက် အမည်စာရင်းများကို ၂၀၂၆ ၊ မတ်လ ၁၉ ရက်တွင် ထုတ်ပြန်ရာ၌ ထည့်သွင်းအဆိုပြုခဲ့ခြင်း ဖြစ်သည်။ Mrs. Kelley Anne Eckels-Currie ကို မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန် အဆိုပြုရာတွင် ကုလသမဂ္ဂ၏ အခြေခံစံနှုန်းများဖြစ်သော -လုပ်ငန်းကျွမ်းကျင်မှု၊ သက်ဆိုင်ရာ နယ်ပယ် အတွေ့အကြုံရှိမှု၊ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှု၊ ဘက်လိုက်မှုကင်းခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်မှု၊မျှတစွာ ရှုမြင်နိုင်စွမ်း စသောအချက်များကို အခြေခံ၍ စိစစ်အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
| 16 | 0 | 0 | 0 |


