back

ခွင့်ပြန်လုပ်သားတွေ ပြည်ပပြန်ထွက်ဖို့ အခက်ကြုံနေရ

Mar 21 • 10:36 AM

breaking-news

Myanmar

Local

cover

ခွင့်ပြန်လုပ်သားတွေ ပြည်ပပြန်ထွက်ဖို့ အခက်ကြုံနေရ

ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (OWIC) ရှိပေမယ့် ပြည်ပပြန်လည် ထွက်ခွာဖို့အတွက် အလုပ်သမား ဝန်ကြီးဌာနထံ ခွင့်ပြုချက် တောင်းခံရာမှာ အမျိုးမျိုးသော အခက်ခဲ...

ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (OWIC) ရှိပေမယ့် ပြည်ပပြန်လည် ထွက်ခွာဖို့အတွက် အလုပ်သမား ဝန်ကြီးဌာနထံ ခွင့်ပြုချက် တောင်းခံရာမှာ အမျိုးမျိုးသော အခက်ခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ခွင့်ပြန် အလုပ်သမားတွေက ပြောပါတယ်။OWIC ထုတ်ယူပြီး ပြည်ပထွက်ခွာဖို့ လေယာဉ်လက်မှတ် ဝယ်ယူပြီးပါက ပြည်ပထွက်ခွာခွင့်ကို အနည်းဆုံး ရုံးဖွင့်ရက် ငါးရက် (ရုံးပိတ်ရက်မပါ) ကြိုတင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ ပြည်ပကို ထွက်ခွာနိုင်မှာ ဖြစ်တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက အသိပေးထားတာ ဖြစ်ပါတယ်။OWIC ကတ် ကိုင်ဆောင်ထားသူတွေ အနေနဲ့ ပြည်ပပြန်လည် ထွက်ခွာခွင့်အတွက် အရင်က အလုပ်သမားဝန်ကြီးဌာနကို အီးမေးလ်ပေးပို့ အကြောင်းကြားကာ လေဆိပ်မှာ အီးမေးလ်ပြပြီး ထွက်လို့ရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ဒါပေမယ့် အသစ်ပြန်လည် ပြင်ဆင်လိုက်တဲ့ စည်းမျဉ်းအရ အလုပ်သမား ဝန်ကြီးဌာနထံ ပြည်ပထွက်ခွာခွင့် လျှောက်ထားရမှာဖြစ်ပြီး လျှောက်ထားရာမှာ ဗီဇာ၊ နိုင်ငံကူးလက်မှတ် မိတ္တူ၊ OWIC ကတ် မိတ္တူ၊ လေယာဉ်လက်မှတ် မိတ္တူတွေကို တင်ပြ လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ဒါအပြင် အခု ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စတင်ကာ OWIC ကတ်အသစ်တွေ ပြန်လည် ထုတ်ပေးမယ်လို့ ကြေညာထားပေမယ့်လည်း လက်ရှိမှာ ကတ်ထုတ်ပေးမှု ကြန့်ကြာနေတာကြောင့်လည်း ပြည်ပထွက်ခွာဖို့အတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။နောက်ထပ် သတိပြုရမယ့် အချက်ကတော့ OWIC ကတ်ဟာ သက်တမ်း ငါးနှစ်ရှိတာ ဖြစ်ပေမယ့်လည်း ပတ်စ်ပို့သက်တမ်း ကုန်ဆုံးပါက ကတ်သက်တမ်းလည်း အလိုအလျောက် ကုန်ဆုံးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။




news-view-count-icon

26