အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ၏ ၂၀၂၆ ခုနှစ်ထုတ် "Towards Fair Seas" အစီရင်ခံစာအရ ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းနှင့် ပင်လယ်စာကဏ္ဍတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပြင်းထန်စွာ ရင်ဆိုင်နေရကြောင်း သိရသည်။ စစ်တမ်းကောက်ယူချက်အရ ရေလုပ်သားများသည် တစ်နေ့လျှင် ပျမ်းမျှ ၁၃ နာရီခန့် အလုပ်လုပ်ရပြီး၊ အလုပ်သမား ၁၀ ရာခိုင်နှုန်းခန့်မှာ အထောက်အထားစာရွက်စာတမ်းများ သိမ်းဆည်းခံရခြင်း၊ လုပ်ခလစာ အချိန်ဆွဲပေးခြင်းနှင့် အနားယူချိန်မရခြင်း စသည့် အဓမ္မခိုင်းစေမှု (Forced Labour) အခြေအနေများကို ကြုံတွေ့နေရသည်။အလုပ်သမားများ၏ ၉၅ ရာခိုင်နှုန်းကျော်သည် အစိုးရဌာနများထက် မိသားစုနှင့် သူငယ်ချင်းများ၏ အဆက်အသွယ်ဖြင့် သွားရောက်ကြသူများဖြစ်ပြီး၊ ထက်ဝက်ခန့်မှာ တရားမဝင်လမ်းကြောင်းမှ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ပြည်ပထွက်ခွာစရိတ်အတွက် ပျမ်းမျှ ဒေါ်လာ ၅၇၀ (ကျပ်သိန်း ၂၀ ခန့်) အကြွေးတင်ရှိနေကြကာ လုပ်ငန်းခွင်အတွင်း ဘာသာစကားအခက်အခဲကြောင့် ပိုမိုထိခိုက်လွယ်သည့် အခြေအနေတွင် ရှိနေသည်။
Mar 21 • 5:44 AM
Thailand
Local News
Share
| 7 | 0 | 0 | 0 |


