back

မြန်မာနဲ့ အာဖဂန်နစ္စတန်အသင်းပွဲကို သုဝဏ္ဏကွင်းမှာ မတ် (၂၆) ရက်၊ ညနေ (၅) နာရီ ကျင်းပမယ်

Mar 21 • 5:37 AM

breaking-news

Myanmar

Local

cover

မြန်မာနဲ့ အာဖဂန်နစ္စတန်အသင်းပွဲကို သုဝဏ္ဏကွင်းမှာ မတ် (၂၆) ရက်၊ ညနေ (၅) နာရီ ကျင်းပမယ်

၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုဒုတိယအကျော့အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် အာဖဂန်နစ္စတန်အသင်းတို့၏ ပွဲစဉ်ကို လာမည့် မတ်လ ၂၆ ရက်၊ ညနေ ၅ နာရီတွင် ရန်ကုန်...

၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုဒုတိယအကျော့အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် အာဖဂန်နစ္စတန်အသင်းတို့၏ ပွဲစဉ်ကို လာမည့် မတ်လ ၂၆ ရက်၊ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပွဲစဉ်မှာ အာဖဂန်နစ္စတန်အသင်း၏ အိမ်ကွင်းပွဲစဉ်ဖြစ်သော်လည်း ၎င်းတို့နိုင်ငံအတွင်း လက်ခံကျင်းပနိုင်ခြင်းမရှိသည့်အပြင် ကွင်းအခက်အခဲများကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၏ တောင်းဆိုမှုအရ ရန်ကုန်မြို့တွင် ကြားကွင်းအဖြစ် လာရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ အာဖဂန်နစ္စတန်အသင်းသည် ဤပွဲစဉ်အတွက် နည်းပြသစ်အဖြစ် ပါကစ္စတန်လက်ရွေးစင်အသင်းနည်းပြဟောင်း ဘရာဇီးနိုင်ငံသား ဂျို့စ်အန်တိုနီယိုနိုဂူရာကို ခန့်အပ်ထားပြီး မတ်လ ၇ ရက်နေ့ကတည်းက စတင်လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သိရှိရပါသည်။

news-view-count-icon

23