back

လာမယ့် ဧပြီ ၁ ရက်မှစ၍ ဖုန်းအသစ်ဝယ်မည့်သူများ IMEI နံပါတ် စစ်မှန်မှုရှိမရှိကို CEIR စနစ်မှာ ဝင်ရောက်စစ်ဆေးပြီးမှ ဝယ်ယူကြဖို့လို

Mar 20 • 5:45 AM

breaking-news

Myanmar

Local

cover

လာမယ့် ဧပြီ ၁ ရက်မှစ၍ ဖုန်းအသစ်ဝယ်မည့်သူများ IMEI နံပါတ် စစ်မှန်မှုရှိမရှိကို CEIR စနစ်မှာ ဝင်ရောက်စစ်ဆေးပြီးမှ ဝယ်ယူကြဖို့လို

ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိအသုံးပြုနေသော မိုဘိုင်းဖုန်းများကို CEIR စနစ်၏ ခွင့်ပြုစာရင်း (Whitelist) တွင် အလိုအလျောက်ပါဝင်စေရန် ၂၀၂၆ ခုနှစ...

ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိအသုံးပြုနေသော မိုဘိုင်းဖုန်းများကို CEIR စနစ်၏ ခွင့်ပြုစာရင်း (Whitelist) တွင် အလိုအလျောက်ပါဝင်စေရန် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်ထက် နောက်မကျဘဲ ပြည်တွင်းဆက်သွယ်ရေး SIM Card များ ထည့်သွင်းဖွင့်လှစ်အသုံးပြုထားရမည်ဖြစ်ပြီး၊ စက်ပိတ်ထားခြင်း သို့မဟုတ် SIM Card မပါရှိခြင်းများအတွက် Whitelist ထဲသို့ ထည့်သွင်းပေးမည်မဟုတ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်မှစတင်၍ ဖုန်းအသစ်ဝယ်ယူမည့်သူများအနေဖြင့် IMEI နံပါတ်စစ်မှန်မှုကို CEIR စနစ်တွင် စစ်ဆေးပြီးမှသာ ဝယ်ယူကြရန်လိုအပ်ပြီး၊ ခွင့်ပြုစာရင်းတွင် မပါရှိသောဖုန်းများသည် ကွန်ရက်ချိတ်ဆက်ချိန်မှ ရက်ပေါင်း ၃၀ သာ ယာယီအသုံးပြုခွင့်ရရှိကာ သတ်မှတ်အခွန်နှင့် ဒဏ်ကြေးများပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း CEIR ID ကို မဖြစ်မနေ ထည့်သွင်းကြေညာရမည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက CEIR Call Center ၁၅၇၇ နှင့် ၁၇၅၅ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

news-view-count-icon

23