back

ထိုင်းနိုင်ငံ ထရတ်ခရိုင်တွင် တားမြစ်ထားသော ဈေးရောင်းသည့်အလုပ် လုပ်ကိုင်သည့် မြန်မာ ၂ ဦးအပါအဝင် နိုင်ငံခြားသား ၇ ဦး ဖမ်းဆီးခံရ

Mar 20 • 5:35 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ ထရတ်ခရိုင်တွင် တားမြစ်ထားသော ဈေးရောင်းသည့်အလုပ် လုပ်ကိုင်သည့် မြန်မာ ၂ ဦးအပါအဝင် နိုင်ငံခြားသား ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ထရတ်ခရိုင် (Trat) ရှိ ပျံကျဈေးတစ်ခုအတွင်း နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသည့် တားမြစ်အလုပ်အကိုင်ဖြစ်သော ဈေးရောင်းသည့်အလုပ် လုပ်ကိုင်နေသည့် ...

ထိုင်းနိုင်ငံ၊ ထရတ်ခရိုင် (Trat) ရှိ ပျံကျဈေးတစ်ခုအတွင်း နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသည့် တားမြစ်အလုပ်အကိုင်ဖြစ်သော ဈေးရောင်းသည့်အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၂ ဦး၊ ကမ္ဘောဒီးယား ၄ ဦးနှင့် လာအို ၁ ဦးတို့ကို မတ်လ ၁၉ ရက်နေ့က သက်ဆိုင်ရာဌာနပေါင်းစုံ ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့သည်။ အဆိုပါ နိုင်ငံခြားသား ၇ ဦးသည် ဟင်းသီးဟင်းရွက်၊ ဝက်အူချောင်း၊ ကြက်ကင်နှင့် ရေခဲရောင်းချခြင်းများ ပြုလုပ်နေကြခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူအချို့တွင် နိုင်ငံကူးလက်မှတ်နှင့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များ သက်တမ်းကုန်ဆုံးနေသည်ကိုပါ စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ခေါင်စမင်းရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း သိရှိရပါသည်။

news-view-count-icon

11