မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းကစီစဉ်ကြီးကြပ်မှုဖြင့်သင်္ကြန်အကြို ဈေးရောင်းပွဲတော် မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီတို့ကို ဈေးနှုန်းသက်သာစွာရောင်းချပေးဖို့ရှိတယ်လို့ သိရပါတယ်။ဧပြီလ(၁)ရက်မှ(၄)ရက်အထိ (၁)လမ်းမတော်မြို့နယ်ရှိ UMFCCIရုံးရှေ့နဲ့ (၂) ရန်ကင်းမြို့နယ်၊ရွှေအုန်းပင်အိမ်ရာရှေ့တို့မှာ နံနက်(၉)နာရီမှ(၅)နာရီအထိဝယ်ယူရရှိနိုင်တယ်လို့ဆိုပါတယ်။ဆီစက်လုပ်ငန်းရှင်(၁၄)ဦးတို့က မြေပဲဆီတစ်ပိဿကို(၁၈၅၀၀)အနိမ့်ဆုံးဈေးတွေလွတ်လပ်စွာရောင်းချပေးမှာဖြစ်ပြီး ၂၅ကျပ်သားမှ ၁၀ပိဿဘူးတွေနဲ့ ရောင်းချပေးမှာဖြစ်သလို စားသုံးသူ သက်သာချောင်ချိရေးအတွက် တစ်နှစ်ကို သုံးကြိမ်ရောင်းချပေးတာဖြစ်တယ်လို့ သိရပါတယ်။



