မတ်လ ၁၇ ရက်နေ့ ၀၉နာရီ၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် လားရှိုးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသောခရီးသည် ပိုင်ရဲထွန်း၊ ဇော်ရှိုင်း နှင့် ဝင်းဇော်ဇော်တင် တို့ထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၅.၂၃၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၆,၂၈၂ သိန်း)၊ ကက်တမင်း အလေးချိန် ၂၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ၁၃၃၀ အချိန် ငြိမ်းထွန်းဦး အား ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(မြောက်)ရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၄၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁၂ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပိုင်ရဲထွန်း(၂၁)နှစ်၊ ဇော်ရှိုင်း(၂၀)နှစ်၊ ဝင်းဇော်ဇော်တင်(၄၂)နှစ်နှင့် ငြိမ်းထွန်းဦး(၃၂)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိပါတယ်။



