မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ စီစဉ်မှုဖြင့် သင်္ကြန်အကြိုဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ရှိ UMFCCI ရုံးရှေ့နှင့် ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာရှေ့တို့တွင် နေရာခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲတော်တွင် ပြည်တွင်းဖြစ် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် ပဲပုပ်ဆီတို့ကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရောင်းချပေးမည်ဖြစ်ပြီး၊ အထူးသဖြင့် မြေပဲဆီတစ်ပိဿာလျှင် ၁၈,၅၀၀ ကျပ်နှုန်းဖြင့် ၂၅ ကျပ်သားဘူးမှ ၁၀ ပိဿာဝင်ဘူးအထိ အရွယ်အစားစုံ ရောင်းချပေးသွားမည်ဖြစ်သည်။ စားသုံးသူများ သက်သာချောင်ချိရေးအတွက် အသင်းအနေဖြင့် တစ်နှစ်လျှင် သုံးကြိမ် ဤကဲ့သို့ ဈေးရောင်းပွဲတော်များ ကျင်းပပေးလေ့ရှိကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက သင်္ကြန်အကြို စားအုန်းဆီမဟုတ်သည့် ပြည်တွင်းဖြစ်ဆီများကို ရန်ကုန်မြို့၌ ဈေးနှုန်းသက်သာစွာ ရောင်းချပေးမည်
Mar 20 • 3:53 AM
Myanmar
Yangon
Share
| 7 | 0 | 0 | 0 |


