back

Sea Game နှင့် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မကွေးတိုင်းကိုယ်စားပြု ဆုရရှိခဲ့သည့် ကစားသမားများကို ဂုဏ်ပြုချီးမြှင့်

Mar 20 • 3:30 AM

breaking-news

Myanmar

Local

breaking-news
cover

Sea Game နှင့် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မကွေးတိုင်းကိုယ်စားပြု ဆုရရှိခဲ့သည့် ကစားသမားများကို ဂုဏ်ပြုချီးမြှင့်

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြုကစားသမားများက ဆုရရှိအောင...

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြုကစားသမားများက ဆုရရှိအောင်စွမ်းဆောင်ခဲ့သူများကို ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့ က ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး ဂုဏ်ဆောင် အုပ်ချုပ်သူ နည်းပြ နှင့် ကစားသမားများကို မ‌ကွေးမြို့တော်ခန်းမတွင် ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး မကွေးတိုင်းဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြောင်း သိရသည်။(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး ကိုယ်စားပြုကစားသမားများ က ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် ၃ ခု နှင့် ကြေးတံဆိပ် လေးခု ရရှိခဲ့ပြီး (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်တစ်ခု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။




news-view-count-icon

18