လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်မြန်မာအပါအဝင်ကမ္ဘာ့လူဦးရေ(၇)သန်းသေဆုံးမှုရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHOသတိပေးလိုက်ပါတယ်။
အသက်အရွယ် ကျား/မ မရွေး ထိခိုက်ခံစားရနိုင်ပြီး အချို့က လေထုညစ်ညမ်းမှု အန္တရာယ်ကို ပိုမိုခံစားရနိုင်ပါတယ်။လေထုထဲရှိ အမှုန်ပစ္စည်း (PM-Particulate Matter) ဟာ လေထုညစ်ညမ်းမှုကို တိုင်းတာသည့် ညွှန်းကိန်းတစ်ခုဖြစ်ပြီး အဲ့ဒီ အမှုန်ပစ္စည်းတွေက လူ့ခန္ဓာကိုယ်ရဲ့ နှလုံး၊ဦးနှောက်၊အဆုတ်နဲ့အခြားကိုယ်အင်္ဂါတွေအစိတ်အပိုင်းတွေနဲ့ စနစ်တွေကိုထိခိုက်စေနိုင်တယ်လို့ဆိုပါတယ်။အမည်းရောင် ကာဗွန် (Black carbon) ဟာ PM မှာ ပါဝင်သော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်လို့ဖော်ပြထားပါတယ်။လေထုညစ်ညမ်းမှုဟာ မိခင်နဲ့ကလေးကျန်းမာရေးထိခိုက်ပြီး ကလေးငယ်တွေ မှတ်ဉာဏ်ဖွံ့ဖြိုးမှုကိုထိခိုက်တာ၊ရင်ကျပ်ရောဂါ၊ လေပြွန်ရောင်ရောဂါ၊နမိုးနီးယားရောဂါနဲ့အခြားအသက်ရူလမ်းကြောင်းဆိုင်ရာတွေလည်းထိခိုက်နိုင်တယ်လို့ သိရပါတယ်။




