မော်ဒယ်နဲ့သရုပ်ဆောင် M ဆိုင်းလူက သူမရဲ့ ၃ ရက်တာ တရားစခန်းအကြောင်း မျှဝေပေးလာခဲ့တာပါ။ သူမဟာ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်တာကြောင့် ယခင်က တရားထိုင်ခြင်းအလေ့အကျင့်တွေဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်လို့ ထင်ခဲ့ဖူးကြောင်း ပြောပါတယ်။ သို့ပေမယ့်လည်း နောက်ပိုင်းမှာ တရားထိုင်ခြင်းဟာ ဘာသာတရားတွေနဲ့မသက်ဆိုင်ဘဲ စိတ်ကိုငြိမ်သက်စေခြင်း၊ ငြိမ်းချမ်းစေခြင်း၊ အသိတရားကိုလေ့ကျင့်စေတာလို့ သိလိုက်ရတဲ့နောက် လူတိုင်းအတွက် ကျင့်ကြံလို့ရကြောင်း သိရှိခဲ့တာလည်းဖြစ်ပါတယ်။သူမဟာ ADHD သမားမို့ ၅ မိနစ်တောင် အငြိမ်မနေနိုင်ပေမယ့် ဒီ ၃ ရက်တာတရားစခန်းကို ရအောင်ဝင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။



