ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းက အတ္တလန်တာအသင်းနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ဒုတိယအကျော့ပွဲမှာ ချန်ပီယံလိဂ်သွင်းဂိုး ၅၀ ပြည့်ခဲ့ပါတယ်။အတ္တလန်တာအသင်းကို လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရတဲ့ပှဲမှာ ဟာရီကိန်းက ဘိုင်ယန်မြူးနစ်အသင်းအတွက်၂ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်မှာ အတ္တလန်တာအသင်းကို နှစ်ကျော့ပေါင်း (၁၀-၂) ဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါတယ်။ဟာရီကိန်းက မက်ဆီလိုပဲ ချန်ပီယံလိဂ်မှာ ၆၆ ပွဲကစားပြီး
သွင်းဂိုး ၅၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ချန်ပီယံလိဂ်သမိုင်းတလျှောက် ပွဲအနည်းဆုံးနဲ့ ဂိုး ၅၀ ပြည့်ခဲ့သူက မန်စီးတီးတိုက်စစ်မှူး ဟာလန်းဖြစ်ပါတယ်။ ဟာလန်းက ချန်ပီယံလိဂ် ၄၉ ပွဲကစားပြီး သွင်းဂိုး ၅၀ ပြည့်ခဲ့တာဖြစ်ပါတယ်။


