ဘွန်ဒစ်လီဂါကို ကြည့်နေကျ ပရိသတ်တွေဆိုရင် ဆိုဘိုဆလိုင်း ဘယ်လိုအရည်အသွေးမျိုးရှိလဲဆိုတာ သိထားပြီးသားဖြစ်ပါလိမ့်မယ်။လိုက်ပစ်ဇ်ရပ်ဝန်းကို ကျော်ကြည့်လိုက်ရင် ဟန်ဂေရီမှာ တောက်လောက်နေတဲ့ ဆိုဘိုဆလိုင်းကို မြင်တွေ့ခံစားနိုင်ပါတယ်။ဆိုဘိုဆလိုင်းဟာ လီဗာပူးလ်ရဲ့ ဟန်ချက်ပျက်နေတဲ့ကွင်းလယ်မာဂုဏ်ကို ပြင်ဆင်ပေးခဲ့ပြီးလီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်က ဆိုဘိုဆလိုင်းကို ယုံကြည်စွာပဲကျောနံပတ် ၈ ဆင်မြန်းစေခဲ့ပါတယ်။ကျောနံပတ် ၈ ဆိုတာ လီဗာပူးလ်ရဲ့ ကြီးမြတ်သော အမှတ်အသားဖြစ်ပြီး လီဗာပူးလ်ရဲ့ ဂန္ထဝင်အမြောက်ဆုံး ကွင်းလယ်သူရဲကောင်းဆင်မြန်းခဲ့တဲ့ ဝတ်ရုံနံပတ်ဖြစ်ပါတယ်။စတီဗင်ဂျရတ်လေ၊ မလိုသူတွေ ဘယ်လိုပဲပြောပါစေစတီဗင်ဂျရတ်ဟာ လီဗာပူးလ်ရဲ့
မမေ့နိုင်စရာအကောင်းဆုံး ခေါင်းဆောင်တစ်ဉီးပါ။လီဗာပူးလ်အတွက်ဆို အသက်ပါပေးမယ့်စိတ်ထားမျိုးနဲ့ ရှင်သန်ခဲ့သူပါ။အခု ဆိုဘိုဆလိုင်းက ဂျရတ်ရဲ့ ကျောနံပတ် ၈ဆင်မြန်းပြီး လီဗာပူးလ်အတွက် ထူးချွန်ပြီးရင်းထူးချွန်နေပါတယ်။လီဗာပူးလ်နည်းပြဟောင်း ကလော့ပ် နိမိတ်ဖတ်ခဲ့သလိုပဲ ဆိုဘိုဆလိုင်းက လီဗာပူးလ်ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက်မရှိမဖြစ် စွမ်းအင်ဖြစ်လာပါတယ်။


