တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်တွင် စက်သုံးဆီ ပြတ်လပ်ခြင်းနှင့် ဝယ်ယူရခက်ခဲခြင်းတို့ကြောင့် ကမ်းနီးငါးဖမ်းလှေ့အချို့ လုပ်ငန်းရပ်နား နေကြကြောင်း ကမ်းနီးငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဒီဇယ်စက်သုံးဆီတစ်ပီပါလျှင် ၆၈၀,၀၀၀ ကျပ်ခန့်သာ စျေးရှိရာမှ မတ်လ ပထမပတ်တွင် ၁၂သိန်း၊ ဒုတိယပတ်တွင် ၁၃သိန်းဝန်းကျင်အထိ ဖြစ်လာသည့်အပြင် ဝယ်ယူ၍လည်း မရတော့ကြောင်း လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ ကမ်းနီးငါးဖမ်းလှေလုပ်ငန်း လုပ်သူအမျိုးသမီးတစ်ဦးက ဆိုသည်။“အခုက ၁၄ သိန်းပေးတာတောင် ဝယ်မရတော့ဘူး။ ဒီတစ်ခေါက်ပြီးရင် နားဖို့ စဉ်းစားနေတယ်” ဟု ၎င်းက ပြောဆိုသည်။ ငါးဖမ်းလှေအချို့ လုပ်ငန်းရပ်နားခြင်းနှင့် ပင်လယ်ပြင်တွင် ငါးရှားပါးခြင်းတို့ကြောင့် မတ်လ ဒုတိယပတ်ကစပြီး ထားဝယ်ရေထွက်ကုန်စျေးကွက်သို့ ငါးနှင့် ပုစွန် အ၀င်နည်းကာ စျေးမြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။ 
Mar 20 • 2:11 AM
Myanmar
Tanintharyi
Share
| 9 | 0 | 0 | 0 |


