တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် တင်းရွှဲရှန်က အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးနိုင်ငံ) သမ္မတ၏ တရုတ်နိုင်ငံဆိုင်ရာ အထူးသံတမန် ခါဒွန် ခါလီဖာ အယ်လ် မူဘာရက်အား မြို့တော်ပေကျင်းတွင် မတ် ၁၈ ရက်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အမြဲတမ်းကော်မတီဝင်တစ်ဦးလည်းဖြစ်သူ တင်းက နိုင်ငံ့ခေါင်းဆောင်နှစ်ဦး၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်နိုင်ငံနှင့် ယူအေအီးနိုင်ငံအကြား နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုမှာ စဉ်ဆက်မပြတ် ခိုင်မာလာပြီး နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကလည်း အသီးအပွင့်များ ထွက်ပေါ်လာကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် တရုတ်-ယူအေအီး ဆက်ဆံရေးကို မဟာဗျူဟာမြောက် မြင့်မားမှုမှ အစဉ်အမြဲ ချဉ်းကပ်လျက်ရှိကြောင်း တင်းက ပြောကြားခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်နှစ်ဦး ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီချက်ကို အကောင်အထည်ဖော်ရေး၊ အဆင့်မြင့်အလွှာကူးလူးဖလှယ်မှုများ နက်ရှိုင်းစေရေး၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းစေရေး၊ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ရေးနှင့် နှစ်နိုင်ငံပြည်သူများ၏ ကောင်းကျိုးကို စဉ်ဆက်မပြတ် မြှင့်တင်ရေးအတွက် ယူအေအီးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
Mar 20 • 1:36 AM
China
Local News
Share
| 7 | 0 | 0 | 0 |


