back

တောင်ကြီးမြို့ ရပ်ကွက်တွင်း ဓာတ်ဆီဆိုင်များထံ ဆိုင်ကြီးထက် ၂ ဆဈေးပိုပေးပြီး ဝယ်နေရသူများရှိ

Mar 19 • 12:55 PM

breaking-news

Myanmar

Shan

cover

တောင်ကြီးမြို့ ရပ်ကွက်တွင်း ဓာတ်ဆီဆိုင်များထံ ဆိုင်ကြီးထက် ၂ ဆဈေးပိုပေးပြီး ဝယ်နေရသူများရှိ

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆိုင်ကြီးများက ၉၂ တစ်လီတာ ၃၀၀၀ ခန့်ဖြင့် ရောင်းချနေသော်လည်း၊ ရပ်ကွက်ဆိုင်သေးများတွင် တ...

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆိုင်ကြီးများက ၉၂ တစ်လီတာ ၃၀၀၀ ခန့်ဖြင့် ရောင်းချနေသော်လည်း၊ ရပ်ကွက်ဆိုင်သေးများတွင် တစ်လီတာကို ဆိုင်ကြီးထက် နှစ်ဆဈေးဖြင့် ရောင်းချနေသည်။ဆီဆိုင်ကြီးများတွင် မော်တော်ဆိုင်ကယ် ဝှီးတက် ပါမှ ဆီထည့်ပေးသောကြောင့် ဆိုင်ကယ်၀ှီးတက် မရှိသူများအနေဖြင့် ရပ်ကွက်ဆိုင်သေးများတွင် ဈေးကြီးပေးဝယ်နေရကြောင်း သိရသည်။တောင်ကြီးမြို့ စက်သုံးဆီ အရောင်းဆိုင်များတွင် ၉၂ တစ်လီတာကို ၂,၉၅၅ ကျပ် ၊ ၉၅ တစ်လီတာကို ၃,၀၅၅ ကျပ်ဖြင့် ဆီဆိုင်ကြီးတွင် ရောင်းချနေသော်လည်း၊ ရပ်ကွက်ဆိုင်သေးများတွင် တစ်လီတာကို ဆိုင်ကြီးထက် နှစ်ဆဈေးဖြင့် (၇,၀၀၀ ကျပ်အထိ) ရောင်းချနေကြောင်း သိရသည်။




news-view-count-icon

11